မြန်မာလီကျန့် ဖိနပ်စက်ရုံမှာ အလုပ်သမား ၈၀၀ ကျော် ဆန္ဒပြနေ

Tuesday, June 10, 2014


 

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းစက်မှု့ဇုံ၊ မောင်ကျန်သီး လမ်းထောင့်မှာရှိတဲ့ မြန်မာလီကျန့် ဖိနပ်စက်ရုံမှာ ၉.၆.၁၄ နေ့က စတင်ပြီး လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် စက်ရုံမှာရှိတဲ့အလုပ်သမား ၈၀၀ ကျော် ဆန္ဒပြတောင်းဆို နေကြောင်း သစ်ထူးလွင်မှ သတင်း ရရှိပါတယ်။

ဆန္ဒပြတောင်းဆိုတဲ့ အချက်တွေကတော့ ---
(၁)အခြေခံလစာ ၂၀၀၀၀ ကျပ်တိုးပေးဖို့
(၂)ကားခနဲ့နည်းပညာကြေးတွေကို ရှားပါစရိတ်ထဲထည့်ပေးဖို့
(၃)စက်ရုံတွင်းသန့်ရှင်းရေးလုံလောက်စွာထားရှိပေးဖို့
(၄)တနင်္ဂနွေနေ့ အိုတီခေါ်ရင် အိုတီခ ၂ ဆပေးဖို့နဲ့ လက်ငင်းရှင်းပေးဖို့
(၅)လစာကိုလစဉ်လတိုင်း ၅ ရက်နေ့မှာထုတ်ပေးဖို့
(၆)လစာထုတ်ပေးတဲ့ စလစ်ကို မြန်မာလိုရေးပေးဖို့ စတဲ့အချက်တွေ တောင်းဆိုနေကြတာပါ။

QC တယောက်ရတဲ့လစာက ၇ သောင်းကျော်ပဲရှိတယ် လစာက အရမ်းနည်းတယ် တနင်္ဂနွေလည်းမနားရဘူး ညဘက် ၈ နာရီအထိ အိုတီဆင်းရတယ် အော်ဒါရှိရင်ပိုဆိုးတယ် စက်ရုံတွင်း သန့်ရှင်းရေး လုံလောက်စွာ မရှိတော့ အလုပ်သမားတွေအားလုံး ကိုယ်လိုင်းကိုယ် ကြမ်းတိုက် တံမြည်စည်းလှဲရတယ် လို့ စက်ရုံတွင်း အခြေအနေကို ထန်းတပင်မြိုနယ်ကနေ လာပြီး အလုပ်လုပ်နေတဲ့ အလုပ်သမ မမွန်လေးက ပြောပြပါတယ်။

၆.၆.၁၄ နေ့ကတည်းက ကျွန်မတို့စက်ရုံထဲမှာ ဆန္ဒပြတယ် မန်နေဂျာက ဘာမှ လုပ်မပေးနိုင်ဘူးပြောတယ် စက်ရုံက စနေတနင်္ဂနွေ ၂ ရက်ပိတ်လိုက်တယ်။ ၉.၆.၁၄နေ့နေ့လည် ၁ နာရီမှာ လှိုင်သာယာ အလုပ်သမားရုံးကို သွားညှီတော့ အလုပ်သမားရုံးက ၃၀၀၀ ပဲတိုးပေးမယ် ညှီပေးမယ် စက်ရုံထဲ ပြန်ဝင်ပြီး အလုပ်လုပ်ဆိုပြီး ပြောလိုက်တယ် ပြန်လာပြီး မန်နေဂျာ တရုတ်မစ္စတာ ၀မ်နဲ့ ညှီပေမဲ့ လုပ်မပေးနိုင်ဘူးပဲ ပြောလို့ ကျွန်မတို့ ဆက်လက်ဆန္ဒပြ သွားမယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် မဝေ က ပြောပါတယ်။

မြန်မာလီကျန့် ဖိနပ်စက်ရုံကို တရုတ်လူမျိုးပိုင်ဆိုင်ပြီး ဖိနပ်တွေကို ဂျပန်ဈေးကွက်ကို အဓိက တင်ပို့ပါတယ်။ စက်ရုံဖွင့်တာ ၆ လလောက်ပဲရှိသေးပြီး အလုပ်သမား ၈၀၀ ကျော် အလုပ်လုပ်ကိုင်လျှက်ရှိပါတယ်။

အဆိုပါဆန္ဒပြပွဲကို အလုပ်သမား အချင်းချင်း ရိုင်းပင်း ကူညီပေးရေးအဖွဲ(Let ‘s Help Each Others ‘)အဖွဲ့မှ ရွှေလင်ပန်းစက်မှု့ဇုံတာဝန်ခံတွေ လာရောက်ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။

BY THIT HTOO LWIN

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။