တပ်မတော်နဲ့ ပြည်သူအကြား တန်းတူအခွင့်အရေး ရစေချင်

Tuesday, June 10, 2014


 ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုဘူးဆိုရင် အများဆန္ဒနဲ့ ဖြုတ်ချလို့ရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဒီနေ့ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အေးစေတီကျောင်းဝင်းမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဌေးကြွယ်က ပြောကြားခဲ့တာပါ။

"ပြည်သူတွေရဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ထိုင်နေကြပြီ၊ အဲဒီကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ဆန္ဒကို ဘယ်လောက်ကိုယ်စားပြုသလဲ၊ ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးဆိုလို့ရှိရင်၊ ကျနော်တို့ ပြည်သူတွေရဲ့အသံကို ထင်ဟပ်မပြဘူးဆိုရင် အဲဒီကိုယ်စားလှယ်တွေကို အများဆန္ဒနဲ့ ဖြုတ်ချလို့ရတယ်"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတာဟာ တပ်မတော်နဲ့ ပြည်သူကြားမှာ တန်းတူအခွင့်အရေး ရစေချင်တာကြောင့်ဖြစ်တယ်လို့လည်း ကိုဌေးကြွယ်က ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး မကွေးမြို့က ဒေသခံတွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။

RFA Burmese

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။