Android ဖုန်းတွေမှာ အင်တာနက် ကော်နက်ရှင်ကို အရမ်းမြန်အောင် လုပ်လို့မရပေမဲ့ သိသိသာသာ မြန်အောင်တော့လုပ်လို့ရပါတယ် … Applications တွေ သုံးစရာလဲမလိုပါဘူးခဗျာ … အရမ်းလွယ်ကူပါတယ် … Myanmar Mobile App Store မှာတော့ ဒီတစ်ခါ ပထမဆုံးပြောတာဖြစ်ပေမဲ့ … Myanmar Mobile Users Group မှာတော့ ၂၀၁၃ ခုနှစ် ၁ လ ပိုင်းလောက်ထဲက ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ် … သိပြီးသား သူတွေရှီသလို မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်တင်ဆက်လိုက်ပါတယ် …
Android ဖုန်းတွေရဲ့ အင်တာနက်ကော်နက်ရှင်ကို ထိုက်သင့်သလောက် မြန်အောင်လုပ်ဖို့ဆိုတာ နည်းလမ်း ၂ ခု လုပ်ဆောင်ရပါမယ်။ ပထမတစ်နည်းက APN Setting ကိုပြင်ရေးတဲ့နည်းဖြစ်ပြီးတော့ ဒုတိယနည်းကတော့ မိမိ ကိုင်ဆောင်တဲ့ဖုန်းကို အင်တာနက်အသုံးပြုရာမှာ မြန်ဆန်အောင် ပြင်ဆင်ပေးတဲ့နည်းဖြစ်ပါတယ် …
ပထမနည်းကို တော့ အရင် ကျနော် Myanmar Mobile App Store မှာ Admin မဖြစ်ခင်က ရှေးတုန်းက Admins များမှ ဖော်ပြခဲ့ခြင်းမရှီခဲ့ပါဘူး … :P
ဒုတိယနည်းကိုပဲ အရင် Admins များမှ ဖော်ပြပေးခဲ့တာ တွေ့ရှီရပါတယ် … ထိုကြောင့် နည်း ၂ ခုလုံးကို ပြိုင်တူဖတ်ရှုနိုင်ရန် ၂၀၁၃ ၁ ပိုင်းမှ MMUG မှ Member တစ်ယောက် အနေနဲ့ မျှဝေခဲ့တဲ့ ကျနော် Post ရေးသူကိုတိုင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် …
ယခုလိုပြန်လည်တင်ဆက်ပေးရချင်းမှာ ယနေ့တိုင် အသုံးဝင်နေသည့်အတွက် ပြန်လည်ဖော်ပြလိုက်ချင်းဖြစ်ပါတယ် … ကျနော်အခုပြောမှာက SAMSUNG Setting အနေနဲ့ပြောသွားပါ့မယ် … တခြားဖုန်းတွေကိုလဲ ခုတိုင်းလုပ်နိုင်ပါတယ် …
ပထမနည်း
၁ – သူငယ်ချင်းတွေမှာရှိတဲ့ဖုန်းထဲက Setting ကိုသွားရပါမယ် ….
၂ – Mobile Networks ကို ဆက်သွားပါ့မယ် …
၃ – Network Operators ကိုသွားပါ …. Auto Search for Network ပြုလုပ်ဖို့ Ok နှိပ်ပါ …
၎ – MM900 ဆိုတဲ့ Network ကို Reister ပြုလုပ်ပြီး Back နဲ့ ပြန်ထွက်ပါ ….
၅ – Mobile data ရယ် Data roaming ရယ်ကို ဖွင့်ထားရပါမယ် …
၆ – Accss Point Names ထဲကိုဝင်ပါ …
၇ – Menu ကို Click ပြီး New APN ယူပါ …
၈ – Name မှာ H2O လို့ နာမည်ပေးပါ …
၉ – APN မှာ ထုံးစံအတိုင်း mptnet ပေါ့ …
၁၀ – Save ပြုလုပ်ပါ ….
ဒါဆို သုံးနေကျထပ်တော့ အနည်းငယ်မျှမြန်ပါပြီ … ဒါဆို ပထမနည်း ပြီးဆုံးပါပြီ …
ဒုတိယနည်း
၁။ ပထမဦးစွာ မိမိဖုန်းရဲ့ setting ထဲက Advanced setting ထဲကိုဝင်ရပါမယ် … တချို့ဖုန်းတွေကတော့ Display ထဲကိုဝင်ရပါမယ် … Advanced setting ထဲဝင်တဲ့ဖုန်းတွေက Animator duration scale ကို Click တစ်ချက်ပေးပြီး Animation is off ကိုထားပေးရပါမယ် … Display ထဲဝင်တဲ့ ဖုန်းတွေကတော့ Animation ထဲဝင်ပြီး No Animation ကိုရွေးပေးပြီး Home screen ရောက်အောင်ပြန်ထွက်ထားရပါမယ် …
၂။ မိမိဖုန်းမှာ မူရင်းပါလာတဲ့ Internet Brower တစ်ခုကိုဖွင့်ရပါမယ် … ဖွင့်ပြီးပြီဆိုရင်တော့ Menu key ကိုနှိပ်ပြီး setting ထဲဝင်ရပါမယ် … တချို့ဖုန်းတွေက Advanced ထဲဆက်ဝင်ပြီး Enable plug-ins ကို Click တစ်ချက်ပေးပြီး Enable plug-ins ကို Off ပေးရပါမယ် … တချို့ဖုန်းတွေကကြတော့ Internet Brower ထဲက Setting ထဲဝင်ပြီးတာနဲ့ Enable plug-ins ကို တိုက်ရိုက်တွေ့နိုင်ပါတယ် … သူ့ကိုလဲ Off ပေးရပါမယ် … ပြီးပြီ ဆိုရင်တော့ Home screen ကိုပြန်သွားထားပေးပါ …
၃ ။ ကျနော်တို့ တတိယ ပြုလုပ်ရမဲ့အချက်ကတော့ မိမိတို့ဖုန်းတွေမှာ Animation Wallpaper twae တင်ထားလားဆိုတာ သတိပြုပါ … အင်တာနက် ကော်နက်ရှင် မြန်ချင်ရင်တော့ Animation Wallpaper တွေ တင်မထားဖို့ကို တားမြစ်ထားတာတွေ့ရပါတယ် … သူငယ်ချင်းတို့ရဲ့ Backgound တွေကို သေချာပြန်စစ်ကြည့်ပြီး ပြုပြင်ပေးပါ … Animation မပါတဲ့ Background မျိုးကိုရွေးတင်ထားပေးပါ … ပြီးရင် Home screen ကိုပြန်သွားထားပေးပါ …
၎။ Setting က Application manager ကိုသွားရပါမယ် … တချို့ဖုန်းတွေကတော့ Application ထဲဝင်ပြီး Manage application ထဲဝင်ထားပေးရမှာဖြစ်ပါတယ် … အဲ့မှာ Download ဆိုတဲ့ tab မှာ Application အရမ်းများနေမယ်ဆိုရင်လဲ အင်တာနက်ကလေးနေတက်ပါတယ် .. ကိုယ်တစ်ကယ် အသုံးလိုတဲ့ App တွေ လောက်ပဲထားပြီး … မလိုတာတွေကို Uninstall လုပ်ပြစ်စေချင်ပါတယ် … ဖြစ်နိုင်ရင်တော့ Basic Application တွေလုပ်ပဲထားတာ အကောင်းဆုံးလို့ဆိုပါတယ် …
၅။ Uninstall လုပ်ပြီးပြီဆိုရင်တော့ Home key ဘေးမှ Back ကို နှိပ်ပြီး Setting ထဲကိုပြန်သွားပေးပါ … Setting ထဲရောက်ပြီဆိုရင်တော့ Add account ထဲကိုသွားပါ … တချို့ဖုန်းတွေကတော့ Account and sync လို့ဖော်ပြပါတယ် … ကဲ … အဲ့ Add account/ Account and sync ထဲကို သွားပေးပါ … အဲ့ထဲမှာရှိတဲ့ ကိုမလိုအပ်တဲ့ အကောင့်တွေကို Sync တွေ လုပ်ထားခဲ့တယ်ဆိုရင်ပိတ်ပြစ်ပါ … ပိတ်လို့မရရင် remove account လုပ်ပြစ်လိုက်ပါ လိုအပ်တာ အနည်းအကျဉ်းလောက်ပဲ ထားခဲ့လိုက်ပါ ….
အာလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ … ဖုန်းလေးပြန်တက်လာရင်တော့ အင်တာနက်ဖွင့်တဲ့ bottom လေးကို နှိပ်ချင်နေလောက်ပြီ … ကျေးဇူးအထူးတင်ပါတယ် … ဖော်ပြပါ အချက်များကို ဆောင်ရွက်ရာမှာ သတိပြုဆောင်ရွက်သင့်ပါတယ် … ဒါဆိုရင်တော့ အင်တာနက်ပိုင်းရော ဖုန်းပိုင်းရော ၂ ခုလုံးကို ပြင်ဆင်ပြီးသည့်အတွက် ပြုပြင်မှု ပြီးဆုံးပါပြီ … အင်တာနက်လိုင်းက Step 1 ပြင်ထားတာနဲ့ သိသိသာသာ ကြီးကွာခြားမှုကိုတော့တွေ့မြင်ရမှာမဟုတ်ပါဘူး … ဒါပေမဲ့ ရသင့်တဲ့ အင်တာနက် မြန်နှုန်းကို သူငယ်ချင်းများ ရလိုက်တဲ့အတွက် ဂုဏ်ယူစရာပါ … ကျနော့ဖုန်းကတော့ Step1 နဲ့ Step2 ပေါင်းပြီး ဘယ်ချိန် Download လုပ်လုပ် ၂၅၀ နဲ့ ၂၇၀ ကြားမှာရှိနေပါပြီ … အရမ်းမခတ်တဲ့အတွက်ကြောင့် သူငယ်ချင်းများအားလုံး အဆင်ပြေဖို့ဆုတောင်းပေးလိုက်ပါတယ် …
Mobile app
Sharing –Thaw Tar
0 comments: