ပန်းသီးရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ iPad mini ဟာ ပန်းသီးနဲ့ မိတ်ဆွေတစ် မည်၊ ရန်သူတစ်လည်ဖြစ်တဲ့ တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီ ကြီး Samsung ရဲ့ မျက်နှာပြင် နည်းပညာကို (screen techn
ology) အသုံးပြု ထားတယ်လို့ iFixit website က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၎င်းရဲ့ အဆိုအရ ပန်းသီးကုမ္ပဏီဟာ Samsung ထံမှ application processor နှင့် အခြား အစိတ်အပိုင်းများကို အသုံးပြုနေရပြီး၊ အခြား တစ်ဘက်မှာတော့ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်တော်များများမှာ Samsung နဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် ပန်းသီး ကုမ္ပဏီဟာ "ဆုပ်လည်းစူး၊ စားလည်းရူး" ဆိုသလို ဖြစ်နေပါတယ်။
တစ်ဖန် DisplaySearch ရဲ့ အဆိုအရ Samsung ဟာ iPhone မှာအသုံးပြုတဲ့ မျက်နှာပြင် Display များ ပေးသွင်းနေမှုများကို လုံးဝရပ်တန့်လိုက်ပြီး iPad Display ပေးသွင်းနေမှုများကို လျှော့ချလိုက်ပြီဖြစ်ပါတယ်။ ပန်းသီး ကုမ္ပဏီ ကလည်း Samsung ရဲ့ memory chip ၀ယ်ယူနေမှုများကို လျှော့ချလိုက်ပြီး၊ Hynix and Elpida memory တို့ကို အဓိက အားထားတော့မှာဖြစ်ပါတယ်။
iPad mini ရဲ့ ဈေနှုန်းကို ပြန်ကြည့်တဲ့အခါ အခြားသူနဲ့ပြိုင်ဘက်ဖြစ်တဲ့ အမေ ဇုန်ထုတ် Kindle Fire နဲ့ ဂူဂဲလ်ထုတ် Nexus 7 တို့ရဲ့ဈေးနှုန်း ၁၉၉ ဒေါ်လာ တို့ရဲ့အထက် ၃၂၉ ဒေါ်လာ ဖြစ်နေပြန်တာကြောင့် လေ့လာသုံးသပ်သူများ အဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဆိုသလို ဖြစ်သွားခဲ့ပါတယ်။
0 comments: