အမေမရှိရင် မနေတတ်လို့ သတ်သေခဲ့တဲ့ ဆယ်ကျော်သက်

Monday, May 12, 2014




အသက် ၁၅နှစ်အရွယ် ကျောင်းသူ တစ်ဦးဟာ သူမကိုယ့်ကို သတ်သေဖို့ ကြံစည်ခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်က အိမ်မှာ ဆွဲကြိုးချပြီး သတ်သေခဲ့တဲ့ သူမရဲ့ မိခင် မရှိတော့တဲ့နောက် သူမလည်း ဘယ်လိုမှ အသက်ရှင်လိုစိတ် မရှိတဲ့အတွက် ဖြစ်ပါတယ်။

Basingstoke မှာနေထိုင်သူ Whitney Berridge ကိုတော့ ဆေးစစ်ချက်များအရ သူမဟာ ဆေးအသုံးလွန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ဧပြီ ၁၉ရက်နေက သူမရဲ့အိမ်မှာ ကျင်းပခဲ့တဲ့ အခြား ကလေးငယ်တစ်ဦးရဲ့ မွေးနေ့မှာ နေမကောင်းဖြစ်ခဲ့ပြီး North Hampshire ဆေးရုံကိုရောက်ခဲ့ကာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ သူမဟာ Wolff-Parkinson-White syndrome လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်မြန်တဲ့ ဝေဒနာကို ခံစားနေခဲ့ရတယ်လို့လည်း သိရပါတယ်။

သူမရဲ့ သေဆုံးမှုမှာတော့ အခြား သံသယဖြစ်ဖွယ် တွေ့ရှိရခြင်း မရှိဘဲ လွန်ခဲ့တဲ့ ၂နှစ် မေလ ၆ရက် ၂၀၁၂ ခုနှစ်မှာ သေဆုံးခဲ့တဲ့ သူမရဲ့မိခင်ကို လွမ်းဆွတ်မှုနဲ့ စိတ်ဓါတ်ကျရာကနေ ဆေးသုံးဆွဲပြီး ယခုလို သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ ရဲများက ကောက်ချက်ချပါတယ်။ သေဆုံးသူ Whitney Berridge ရဲ့ အဘွားဖြစ်သူ Mary Gibbons အသက် ၅၅နှစ်ကလည်း သူမဟာ မိခင်သေဆုံးပြီးတဲ့ နောက်ပိုင်း စိတ်ထိခိုက်နာကျင်ပြီး မပျော်ရွှင်တော့ကြောင်း ပြောပြပါတယ်။ သူမရဲ့ မိခင်ကိုပဲ အချိန်ပြည့်တွေးနေပြီး နောက်ပိုင်း ဆေးသုံးစွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်းနဲ့ ဒါဟာ သူမကိုယ်သူမ သတ်သေဖို့အတွက် လမ်းစဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။

သူမရဲ့ မိခင် မဆုံးခင်က သူမဟာ အလွန်ပျော်ရွှင်သူဖြစ်ပြီး မိခင်နဲ့ အလွန်နီးနီးကပ်ကပ် နေခဲ့သူဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။

သူမ မိခင် သေဆုံးပြီးနောက် အဒေါ်ဖြစ်သူနဲ့ နေထိုင်ပြီး GSCE စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်နေခဲ့ပြီး အမှတ်ကောင်းကောင်း ရမယ်လို့လည်း မျှော်လင့်ထားကြောင်း ပြောပါတယ်။ သူမရဲ့ကျောင်းမှာလည်း ကျောင်းသူ/သား တွေပါမက ၀န်ထမ်းများကြားမှာပါ ရေပန်းစားသူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ (တနင်္လာနေ့) မှာတော့ Basinstoke’s War Memorial ပန်းခြံမှာတော့ လူပေါင်း ရာကျော်စုဝေးခဲ့ကြပြီး အဲဒီနေ့မှာ အသက် ၁၆နှစ်ပြည့်မယ့် သေဆုံးသူ Whitney Berridge အတွက် ပန်းရောင်ဘောလုံးများ လွင့်တင်ခဲ့ကြပါတယ်။



 

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။