ဧရာဝတီတိုင်းဒေသကြီး မော် လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် ဘုရားကြီးကုန်း ကျေးရွာအုပ်စု ဘုရားကြီးကုန်းရွာမနေ တောင်သူ ဦးမင်းလွင်ဦး၏ ဇနီးဒေါ်ခင်မာညို (၂၉)နှစ်သည် ဧပြီ ၂၆ရက် နံနက်၎ နာရီခွဲမှစတင်ပြီး ငါးမိနစ်ခြား၍ သုံးပေါင်စီရှိသော မိန်းကလေးသုံးဦး အား အထူးကု ဆရာဝန် ဒေါက်တာ နီနီဇော်နှင့် ဆရာဝန် ဆရာမများ အကူအညီဖြင့် အောင်မြင်စွာ မွေး ဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းသုံးမြွှာပူးမိခင် ဒေါ်ခင် မာညိုနှင့် သမီးမိန်းကလေးသုံးဦး တို့အား ခုတင်(၁ဝဝ)ဆေးရုံအုပ် ဒေါက်တာအေးအောင်နှင့် တာဝန် ကျဆရာဝန်ဆရာမများက အနီး ကပ်စောင့်ရှောက်ကြီးကြပ်ပေးမှု တို့ကြောင့်မိခင်နှင့်ကလေးသုံးဦးစလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိ သည်။
အဆိုပါသုံးမြွှာပူးမိခင်ဒေါ်ခင် မာညိုမိသားစုသည် လယ်တစ်ဧက တည်းဖြင့် လုပ်ကိုင်စားသောက်သူ များဖြစ်ပြီးဆင်းရဲနွမ်းပါးသောကြောင့် အလှူရှင်များ ပါဝင်လှူဒါန်းလို ပါက မော်လမြိုင်ကျွန်း ခုတင် (၁ဝဝ)ဆေးရုံ ဝ၉၄၉၁၅၁၁၃၇၊ ဝ၉၄၂၂၅၃ဝဝ၃၂တို့သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မော်ကျွန်းမြင့်အောင်
The Union Daily

0 comments: