သွားနေတဲ့ ကွန်တိန်နာကားအောက်ထဲ သူမရဲ့ ကလေးနှစ်ယောက်ကို ပစ်ထည့်မှုနဲ့ Hu Chen ဆိုတဲ့ ၃၃နှစ်အရွယ် တရုတ်အမျိုးသမီးကို တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်မှာ ဖမ်းဆီးခဲ့ပါတယ်။
Dailymail ရဲ့ဖော်ပြချက်အရ ၁၄ လအရွယ် ကလေးမလေးကို ကွန်တိန်နာဟာ တက်ကြိတ်သွားခဲ့ပြီး အစ်ကိုဖြစ်သူကိုတော့ ဖြတ်သွားသူတစ်ယောက်က ကယ်တင်လိုက်နိုင်တယ် လို့ဆိုပါတယ်။
လွတ်သွားခဲ့ပေမဲ့ ဒီ ၆နှစ်အရွယ် ကလေးဟာ လက်ကျိုးသွားပြီး ဒဏ်ရာတွေရရှိခဲ့တယ် လို့ဆိုပါတယ်။
ယောက်ျားဖြစ်သူနဲ့ စကားများခဲ့တာကြောင့် ကလေးတွေကို Hu Chen က ဒီလို လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။
ရဲများရဲ့ပြောပြချက်အရ ဒီဖြစ်ရပ်မဖြစ်ပွားမီ သူမရဲ့ယောက်ျားနဲ့ စကားများခဲ့ကြပြီး ယောက်ျားဖြစ်သူအပေါ် လက်စားချေခဲ့တာလို့ ဆိုပါတယ်။
“တစ်ယောက်ကို ကောက်ပြီး ကားကြောထဲ ပစ်ထည့်တယ်။ နောက်တစ်ယောက်ကို ထပ်ကောက်ပြီး ဒီလိုပဲလုပ်တယ်”လို့ မျက်မြင်သက်သေ Li Peng ဆိုသူက ဒေသတွင်း တီဗီရုပ်သံတစ်ခုကို ပြောကြားခဲ့ပါတယ်။
“နှလုံးတောင်ရပ်သွားတယ်။ ကျွန်တော်တော့ ဒီအကြောင်းကို ဖျောက်ဖျက်ပစ်လို့ရမှာ မဟုတ်တော့ဘူး” လို့ ၄င်းက ပြောကြားခဲ့ပါတယ်။
ဒီကွန်တိန်နာကားကို မောင်းလာခဲ့သူ Yul Tsui ဟာ ကလေးကို ကြိတ်မိသွားတဲ့အခါ ကားပေါ်က ဆင်းလာပြီး သေနေတဲ့ကလေးရှေ့မှာ ဒူးထောက်ကာ ဆုတောင်းနေတော့တယ် လို့ဆိုပါတယ်။
“သူငိုနေတော့တာဗျ။ သူ အချိန်မီ မရပ်လိုက်နိုင်ဘူးလေဗျာ။ မိန်းမက ဘာမပြော ညာမပြောနဲ့ သူ့လမ်းကြောင်းထဲ ပစ်ထည့်လိုက်တာ။ အရှိန်လျော့လိုက်ဖို့ သူ့အတွက် အချိန်လုံးဝမရှိတော့ဘူး” လို့ Li Peng က ပြောကြားခဲ့ပါတယ်။
ပြစ်ဒဏ်ထင်ရှားကြောင်းတွေ့ရှိရင် Hu Chen ဟာ သေဒဏ်ရင်ဆိုင်ရနိုင်ဖွယ်ရှိပြီး သူမရဲ့ယောက်ျားကို စိတ်အခြေအနေ တည်ငြိမ်စေဖို့အတွက် ဒေသဆေးရုံတစ်ခုကို တင်ထားရတယ်လို့ဆိုပါတယ်။
MWD
0 comments: