စိတ်ဖြင့်ခိုင်းစေနိုင်မည့် လက်မောင်းတု မကြာခင် အသုံးပြုနိုင်တော့မည်

Monday, May 19, 2014



၈ နှစ်ခန့်ကြာမြင့်သော သုတေသနပြုမှု၏ရလဒ်အဖြစ် အမေရိကန်ကာကွယ်ရေးဌာန၏ အထူးသုတေသနအဖွဲ့ဖြစ်သော DARPA မှလူ၏စိတ်ဖြင့် လိုသလိုခိုင်းစေနိုင်သော လက်မောင်းတုကို စမ်းသပ်အောင်မြင် ခဲ့ရာယခုအခါတွင် အစားအသောက်နှင့်ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့အစည်းဖြစ်သည့် FDA ၏ထောက်ခံချက်ကိုရရှိသွားပြီဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် မိမိ၏လက်ကိုဆုံးရှုံးခဲ့ရသူများအတွက် လက်ရှိအချိန်တွင်စတီးချိတ်ပါဝင်ပြီး အရာဝတ္ထုအချို့ကိုချိတ်ဆွဲ ကိုင်ယူနိုင်သည့် လက်မောင်းတုကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိရာ ၎င်းပစ္စည်းထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်သည့် လက်မောင်းတုကို ကမ္ဘာပေါ်ရှိအဖွဲ့အစည်းအသီးသီးမှ သုတေသနပြုစမ်းသပ်မှုများပြုလုပ်နေရာမှ အမေရိကန်ကာကွယ်ရေးဌာန၏ စိတ်ဖြင့်ခိုင်းစေနိုင်သော လက်မောင်းအတုမှာ FDA အဖွဲ့၏ထောက်ခံချက်ကိုရရှိသည့် ပထမဦးဆုံးသော လက်မောင်းတုဖြစ်သည်။

ဘီးနှစ်လုံးတပ် မတ်တပ်ရပ်အနေအထားဖြင့်စီးနင်းနိုင်သည့် Segway ယဉ်ငယ်များကို တီထွင်ခဲ့သော သိပ္ပံပညာရှင် Dean Kamen ဦးဆောင်သည့် အဖွဲ့အစည်းမှ တီထွင်ထားသည့် လက်မောင်းအတုမှာ အရွယ်ရောက်ပြီးလူသားတစ်ဦး၏လက်မောင်အရွယ်အစားခန့်ရှိပြီး လုပ်ဆောင်ချက်အတော်များများကိုလုပ်ဆောင်နိုင်သည်။ လူ၏ ကြွက်သားလှုပ်ရှားမှုများကို အာရုံခံနိုင်သော electromyogram electrode ဖြင့်ထိန်းချုပ်မှုများပြုလုပ်ထားသည့် ၎င်းလက်မောင်းတုမှာ တပ်ဆင်မည့်သူ၏ ခန္ဓာကိုယ်တွင်ကျန်ရှိခဲ့သည့် လက်မောင်းပြတ်ပေါ်တွင် တပ်ဆင်ရမည်ဖြစ်ပြီး လက်မောင်းတုအတွင်းပါဝင်သည့်အာရုံခံစနစ် (Sensor) များနှင့် ကွန်ပျူတာငယ်တို့မှ အသုံးပြုသူ၏ပြုလုပ်လိုသောလုပ်ဆောင်ချက်များကို သိရှိနိုင်မည်ဖြစ်သည်။ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လက်မောင်း အတု၏ စွမ်းဆောင်ရည်ထက် သာလွန်ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်ထားနိုင်ပြီး ဇစ်အိတ်များကို အဖွင့်အပိတ်ပြုလုပ်ခြင်း နှင့် သော့များကိုဖွင့်ပိတ်ခြင်းအပြင် ပျော့ပျောင်းသည့် အရာဝတ္ထုများဖြစ်သည့် ကြက်ဥနှင့် အခြားသောအရာဝတ္ထုများကိုကိုင်တွယ်ရာတွင်လည်း အက်ကွဲမှုများမဖြစ်ပေါ်အောင်ကိုင်တွယ်နိုင်သည်ဟု သိရသည်။ သို့သော်လည်း ၎င်းလက်မောင်းတုကို မည်သည့်အချိန်တွင် ဈေးကွက်တင်ရောင်းချမည်နှင့် ဈေးနှုန်းအတိအကျကိုတော့ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။