ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး။ မဟုတ်ပါ။
နောက်ဘူတာက ဘန် ကောက်ဖြစ်ပါသည်။
တရားမျှတမှုမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ ထားက ကျွန်တော်တို့ကို ဘန် ကောက်ဘူတာဆီ ခေါ်ဆောင် သွားနေသည်။ ဘန်ကောက်ဘူ တာမှာ ရုန်းရင်းဆန်ခတ်မှုတွေရှိ သည်။ လမ်းပေါ်မှာ ဆုံးရှုံးရသည့် အသက်တွေရှိသည်။ ထွက်ပေါက် မဲ့ နိုင်ငံရေးရှိသည်။ ရင်ကြားမစေ့ နိုင်တော့သည့် အမျိုးသားရေးအ ကွဲအပြဲရှိသည်။
အချိန်မီသေးသည်။ ရထား ပြောင်းစီးဖို့အချိန် ကျွန်တော်တို့ မှာရှိနေသည်။ ရထားရပ်ပေးဖို့ကို တော့ ရထားမောင်းနှင်နေသည့် လွှတ်တော်နှစ်ရပ်၊ ရထားဝန်ထမ်း များဖြစ်သည့် အစိုးရအဖွဲ့နှင့် အ လံချိုးသူဂါတ်ဗိုလ်ဖြစ်သည့်တပ် မတော်မှာ တာဝန်ရှိပါသည်။
ပုဂံခေတ်မှာ အနော်ရထာ မင်းနန်းတက်ခဲ့သည့် အေဒီ ၁၀၄၄ က စတွက်လျှင် ယခုနှစ်ပေါင်း ၉၇၀ရှိခဲ့ပြီ။ နှစ်ပေါင်း၁၀၀၀နီးနီး မှာ တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့်ပြည်တွင်းစစ်ကိုမငြှိမ်းနိုင်သေးပါ။ အတွင်းပဋိပက္ခကို မငြှိမ်းနိုင်သည့်အတွက် ပြည်သူပြည်သားများကို ထမင်းဝအောင် မကျွေးနိုင်ပါ။ လူတန်းစေ့အောင် ပညာသင်မပေးနိုင်ပါ။ အိမ်တွင်းရန်ပွဲက မစဲသည့်အတွက် မိသားစု၏ သယံဇာတများကို အိမ်နီးချင်း တွေဆီမှာဆုံးရှုံးနေဆဲပါ။
ဂိမ်းစကားနှင့်ပြောလျှင် တော့ မြန်မာနိုင်ငံသည် Stage One ကိုမအောင်သေးသည့် ပလေ ယာဖြစ်ပါသည်။ အခြားပြိုင်ဘက် ပလေယာများက ပိုမိုခက်ခဲသည့် အဆင့်များကို ကစားနေချိန်မှာ မြန်မာကတော့ Stage One ကိုပင် နှစ် ၁၀၀၀ကစားပြီး မအောင်နိုင် သေးပါ။ Stage One ၏အမည် ကတော့ ‘‘အားလုံးအတွက် သင့် တင့်လျောက်ပတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲရေး’’ဖြစ် ပါသည်။
Stage One ကိုအောင်မြင် အောင် ကစားကြဖို့အတွက် ဝေါ ဟာရတစ်ခုကို လေ့လာကြပါစို့။
အကြမ်းဖက်မှု(Violence) ဟုဆိုလျှင် လူအများစုကသွေး ထွက်သံယိုဖြစ်ရပ်များကိုသာမြင် လေ့ရှိကြသည်။ ပဋိပက္ခကျွမ်း ကျင်သူ ပညာရှင်များကတော့အ ကြမ်းဖက်မှုကို သုံးမျိုးခွဲခြားပြ သည်။
ပထမတစ်မျိုးက ရုပ်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု(Physical Violence)ဖြစ်သည်။ ဆိုလိုသည် က ကိုယ်ထိလက်ရောက်ရိုက်နှက် သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ အဓမ္မ ပြုခြင်း၊ စစ်တိုက်ခြင်းများဖြစ် သည်။ ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုကတော့ မျက်စိနှင့်မြင်လွယ်သည်။ နားဖြင့်ကြားရသည်။ သတင်းများမှာမြင်တွေ့နိုင်သည်။
ဒုတိယအကြမ်းဖက်မှုအမျိုး အစားကတော့ ယဉ်ကျေးမှုဆိုင် ရာအကြမ်းဖက်ခြင်း(Cultural Violence)ဖြစ်သည်။ ယဉ်ကျေးမှု ဆိုင်ရာအကြမ်းဖက်မှုကတော့လူ့ အသက်ကို လက်ဖြင့်မသတ်ဘဲ စ ကားလုံးများဖြင့်သတ်ဖြတ်လေ့ရှိ သည်။ လူမျိုးတစ်မျိုး၊ ဘာသာ တစ်ခုကို အမုန်းစကားများပြော ခြင်း၊ သွေးခွဲခြင်း၊ အမျိုးသားရေး အလွန်အကျွံဆော်သြခြင်းများပါ ၀င်သည်။
ပဋိပက္ခကျွမ်းကျင်သူများ၏ အဆိုအရ ကိုယ်ထိလက်ရောက် သတ်ဖြတ်သည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုဖြစ်ပွားစေ သည့် အရင်းအမြစ်က အမုန်းတ ရားများ ပြန့်ပွားစေသည့် ယဉ်ကျေးမှုဆိုင်ရာအကြမ်းဖက်မှုဖြစ် သည်။
တတိယနှင့်ကြောက်စရာအ ကောင်းဆုံး အကြမ်းဖက်မှုက တော့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင် ရာအကြမ်းဖက်မှု(Structural Violence)ဖြစ်သည်။ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာအကြမ်း ဖက်မှုကတော့ လူ့အဖွဲ့အစည်းအ တွင်းက လူအများကို တရားမျှတ မှုမရှိစွာ စီမံအုပ်ချုပ်ထားခြင်းဖြစ် သည်။ ဆိုလိုသည်က မတရား၊ မ မျှတစွာရေးဆွဲထားသည့် ဥပဒေ နှင့် စနစ်များဖြစ်သည်။ ကမ္ဘာ့သ မိုင်းမှာထင်ရှားခဲ့သည့် ကိုလိုနီစ နစ်များနှင့် အာဏာရှင်တို့ရေးဆွဲ ပြဋ္ဌာန်းကြသည့် ဥပဒေနှင့် စနစ် များကိုရည်ညွှန်းသည်။
ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက် မှုများကို ဖြစ်ပေါ်စေဖို့ယဉ်ကျေးမှု ဆိုင်ရာအကြမ်းဖက်မှုများကစေ့ ဆော်သည်ဟုဆိုလျှင် ယဉ်ကျေးမှု ဆိုင်ရာအကြမ်းဖက်မှုများကို ဖြစ် ပွားစေသည်ကတော့ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အကြမ်း ဖက်မှုများဖြစ်သည်။ တစ်နည်း ပြောရလျှင် လူ့အဖွဲ့အစည်းအ တွင်းရှိ အစုအဖွဲ့များအကြားမှာ ပဋိပက္ခကိုဖြစ်ပွားစေသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေများကအ သက်ဖြစ်ပါသည်။
၂၀၀၈အခြေခံဥပဒေသည် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအ ကြမ်းဖက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ တိုင်းရင်းသားများ၏ အခွင့်အရေးကို လျစ်လျူရှုသည်။ တပ်မတော်အပေါ် ပြည်သူများက မျက်မုန်းကျိုးစေသည်။ ပြည်တွင်း စစ်ကို အဓွန့်ရှည်စေသည်။
ပဋိပက္ခသီအိုရီအရပြောရ လျှင်တော့ စစ်ပွဲများကိုအပြီးတိုင် ရပ်တန့်ဖို့၊ တပ်မတော်ကိုသူပိုင် ဆိုင်သည့် ဂုဏ်သိက္ခာပြန်ပေးဖို့ နှင့် ပြည်သူတွေကို သူတို့ပိုင်ဆိုင် သည့် အာဏာကို ပြန်လွှဲအပ်ဖို့အ တွက် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာအကြမ်းဖက်မှုကို ရပ်တန့် ကြဖို့ လိုပါသည်။
ဒီတစ်ကြိမ်မှာတော့ Stage One ကိုအောင်နိုင်အောင် ကြိုစား ကြဖို့အတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယ ကနှင့် ကာကွယ်ရေးဦးစီးချုပ်တို့မှာတာဝန်ရှိသည်။ သူတို့သုံးဦးနှင့်အတိုက်အခံ ခေါင်းဆောင်တို့ စကား ပြောဆိုကြဖို့လိုအပ်ပါသည်။နိုင်ငံတော်သမ္မတက မျောက်မင်း သားစွန်းဝူခုန်းနှင့်တွေ့အပြီးမှာ စီ စဉ်လိမ့်မည်ဟုမျှော်လင့်ပါသည်။
ဘန်ကောက်မှာတော့ စကား ပြောဆိုဆွေးနွေးဖို့ အစီအစဉ်မရှိ တော့ပါ။ မျှော်လင့်ချက်ဟာသူ့အ ထုပ်အပိုးကိုသူပြင်ဆင်ပြီး ဘန် ကောက်ကိုစွန့်ခွာသွားပြီဖြစ်ပါ သည်။မျက်ရည်ယိုဗုံး၊ သေနတ် သံနှင့် သွေးစက်များသာ ဘန် ကောက်မြို့၏ လမ်းများပေါ်မှာ ဆက်လက်တည်ရှိနေပါသည်။
ရထားအရှိန်မြင့်လာပြီ။ ဘန် ကောက်ကိုရောက်ဖို့နီးနေပြီ။ ကျွန်တော်တို့အားလုံး ငြိမ်းငြိမ်း ချမ်းချမ်းနှင့် ခရီးစဉ်ကိုပြောင်းနိုင် ဖို့အတွက် ရထားကိုအခုရပ်ပေး ကြပါတော့။။
0 comments: