ပညာရေး ဥပဒေ ဒီလကုန် ပြဋ္ဌာန်းရေး တောင်းဆို

Saturday, February 21, 2015

ပင်မ သပိတ် စစ်ကြောင်း ဟာ အခု လက်ပံတန်း မှာ ရပ်နားနေ
အမျိုးသား ပညာရေး ဥပဒေသစ်ကို လာမယ့် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ နောက်ဆုံးထား ပြဋ္ဌာန်းပေးရမယ်လို့ ပညာရေး ဥပဒေ ပြင်ဆင်ရေး မန္တလေး ရန်ကုန် ပင်မ သပိတ် စစ်ကြောင်းက တောင်းဆိုလိုက်ပါတယ်။

အဲဒီလို မဟုတ်ခဲ့ရင်တော့ ရန်ကုန် အထိ ဆက်လက် ချီတက် သပိတ်မှောက်သွားမှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးခဲ့ရင်လည်း ကျောင်းသားတွေဟာ ရန်ကုန်ကိုတော့ ရောက်အောင် သွားမှာဖြစ်ပြီး အဲဒီကနေမှ ကိုယ့်အရပ်ဒေသကို ပြန်သွားကြမှာ ဖြစ်တယ်လို့ ကိုကျော်ကိုကိုက ပြောပါတယ်။

ပင်မ သပိတ်စစ်ကြောင်းဟာ အခု လက်ပံတန်းမှာ သပိတ်ကို ရပ်နား ထားတာဖြစ်ပြီး၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ သပိတ်ကို ဆက်လက် ရပ်ထားမှာ ဖြစ်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150219_students_demands_lastday

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။