
ဗြိတိန်နိုင်ငံမှာ vampire တစ်သိန်းခွဲကျော် ရှိတဲ့အထဲက အခုပြောပြမယ့် စုံတွဲကတော့ တစ်ယောက်ရဲ့ သွေးကို တစ်ယောက်သောက်ပြီး ချစ်ချစ်ခင်ခင် နေထိုင်နေကြတဲ့ တကယ့် လက်တွေ့ဘ၀ထဲက vampire စုံတွဲပဲ ဖြစ်ပါတယ်။
Image and video hosting by TinyPic
ဝေလပြည်နယ် တောင်ပိုင်းမှာ နေထိုင်ကြတဲ့ Pyretta Blaze နဲ့ Andy Filth တို့ဟာ လက်ထပ်ထိမ်းမြားခဲ့ပြီး သူတို့ရဲ့ အိပ်ခန်းအတွင်းမှာ တစ်ယောက်ရဲ့ သွေးကို တစ်ယောက်သောက်ပြီး လင်မယားကိစ္စပါ ပြီးမြောက်ကြတယ်လို့ ပြောပါတယ်။ သူတို့ဟာ အဲဒီအလေ့အထကို နှစ်သက်ကြပြီး ဒါဟာ ပိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးပေးတယ်လို့ ဆိုပါသေးတယ်။
အရင်ကတော့ Pyretta ဟာ ခင်ပွန်းဖြစ်သူ Andy နဲ့ မတွေ့ခင်အထိ vampire တွေရဲ့ တွေ့ဆုံပွဲကို သွားလေ့ရှိပြီး အဲဒီမှာတော့ အချင်းချင်း သွေးလဲကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုတော့ အဲဒါတွေ မလိုတော့ဘဲ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ အချင်းချင်း သွေးဖလှယ်ကြပြီး ဒါဟာ ကြောက်စရာမကောင်းပါဘူးလို့ လူငယ် vampire တွေကို သူမက ပြောပါတယ်။
ဒါဟာ အန္တရာယ်များတယ်ဆိုတာ သိပေမယ့်လည်း သူမတို့ ကတော့ အချင်းချင်း သွေးသောက်ရတာ ကြိုက်တဲ့ အတွက် ဘယ်လိုမှ ဒီအလေ့အထကို ဖြတ်ပစ်ဖို့ မလွယ်ဘူးလို့လဲ ပြောပါတယ်။ သူမတို့ အိမ်ထောင်ရေးဟာ သာယာရုံမကဘဲ ကျန်းမာတဲ့ နေထိုင်မှုလည်း ရှိတယ်လို့ ဆိုပါတယ်။
World-Myanmar News
ref: dailymail.co.uk
0 comments: