တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။ ပြိုင်ပွဲ၏ အစောပိုင်းတွင်လူကြိုက်အများဆုံး ဆုကိုလည်း ဆွတ်ခူးထားခဲ့သည့် အသက်၁၈နှစ်အရွယ် မေမြတ်နိုးသည် နောက်ဆုံး အဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယား အလှမယ်ကို အနိုင်ယူကာ ဆုတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။
7DAY DAILY
Miss Asia Pacific World 2014 ပြိုင်ပွဲရလဒ်ဇယားတွင် ထိပ်ဆုံးမှ ဖော်ပြခံရသည့် မြန်မာနိုင်ငံတော်အလံ
0 comments: