အိပ်ငိုက်မယ့်အကြံ Meme စမတ်မျက်မှန်က လက်မခံ

Wednesday, May 14, 2014



-
စာဖတ်သူဟာ အစည်းအဝေးခန်းထဲ၊ စာသင်ခန်းထဲ၊ အလုပ်ထဲ အကိုင် ထဲ နေရာမရွေး အချိန်မရွေး အိပ်ငိုက်တတ်ရင်ပဲဖြစ်ဖြစ်၊ ကားမောင်းနေစဉ် အိပ်ငိုက်တတ်တဲ့ အကျင့်ရှိနေရင်ပဲဖြစ်ဖြစ် ပုံပါ ဂျပန်ထုတ် Meme အမည်ရတဲ့ စ…မတ်မျက်မှန် တစ်လက်ကို ဆောင်ထားဖို့ လိုပါလိမ့်မယ်။
ယင်းစမတ်မျက်မှန်ဟာ သုံးစွဲသူရဲ့ မျက်လုံးနဲ့ လှုပ်ရှားမှုများကို ယင်းရဲ့ အာရုံခံကိရိယာမှတစ်ဆင့် အာရုံခံသိရှိပြီး သုံးစွဲသူ နွမ်းနယ်နေသလော၊ အိပ်ငိုက်နေသလော စသဖြင့် ဆုံးဖြတ်ပါလိမ့်မယ်။ ဒီလိုဆုံးဖြတ်ပြီးသကာလ မျက်မှန်နဲ့ တွဲဖက်သုံးရမယ့် App ထံသို့ ပေးပို့ကာ ယင်းမှတစ်ဆင့် သုံးစွဲသူရဲ့ စမတ်ဖုန်းပေါ်သို့ သတိပေးချက် ပေးပို့မှာဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးတဲ့။ ယင်းမျက်မှန်က သုံးစွဲသူ စားသုံး လိုက်တဲ့ အစာအာဟာရ ကယ်လိုရီ နဲ့ ခြေလှမ်းတို့ကို မှတ်သားပေးနိုင်တဲ့ ကျန်းမာရေးအထောက်အကူပြု စနစ်ကိုလည်း ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။

ဒီ Meme စမတ်မျက်မှန်ကိုင်းမှာ ပြန်လည်အားသွင်းနိုင်တဲ့ lithium-ion ဘက်ထရီ ပါဝင်ပြီး၊ အားအပြည့်သွင်းပြီး အသင့်အသုံးပြုနိုင်တဲ့ အနေအထား မှာ ၈ နာရီကြာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အလေးချိန်အားဖြင့်တော့ ၃၆ ဂရမ်သာသာ ရှိမှာဖြစ်ပါတယ်။

ဒီမျက်မှန်ကို ထုတ်လုပ်တဲ့ ဂျပန်အခြေစိုက် Jin ကုမ္ပဏီရဲ့ အဆိုအရ လောလောဆယ်မှာတော့ ဂျပန်တစ်နိုင်ငံတည်းမှာပဲ ထုတ်လုပ်ဖြန့်ချိဖို့ ရှိနေပြီး၊ အခြားနိုင်ငံများသို့ ဖြန့်ချိဖို့ အစီအစဉ် မရေးဆွဲရသေးဘူးလို့ သိရပါတယ်။ မျက်မှန်ဒီဇိုင်းကို ခေတ် သစ်နဲ့ ခေတ်ဟောင်းပုံစံဟူ၍ ပုံစံအမျိုးမျိုး ထုတ်လုပ်မှာဖြစ်ပြီး၊ စာကြည့်မျက်မှန်အနေနဲ့ပါ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ၆၈၅ ဒေါ်လာနီးပါးရှိနိုင်ပြီး လာမယ့်နှစ် ၂ဝ၁၅၊ နှစ်လယ်လောက်မှ ထွက်ရှိဖွယ်ရှိပါတယ်။

စာရေးသူရဲ့ ဒီစမတ်မျက်မှန်အပေါ် ထင်မြင်ယူဆချက်ကတော့ – မျက်မှန်ရဲ့ အာရုံခံ ကိရိယာမှတစ်ဆင့် သုံးစွဲသူရဲ့ စမတ်ဖုန်းထံ သတိပေးချက်ပေးပို့မယ့် အစား မျက်မှန်ကိုင်းပေါ်မှာပဲ တုန်ခါကိရိယာကိုထည့်သွင်းပြီး အိပ်ငိုက်နေချိန် မှာ သတိပေးတာက ပိုပြီး ထိရောက်မယ်လို့ ယူဆပါတယ်။ စာဖတ်သူတို့ ကရော ဒီစမတ်မျက်မှန်အပေါ် ဘယ်လိုများ ထင်မြင်ချက်ပေးချင်ပါသလဲ…။



 

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။