ချစ်လွန်းအားကြီး၍ မိန်းမအလောင်းကို အိမ်ထဲတွင် ၃၅ ရက်သိမ်းထား

Wednesday, May 14, 2014




ဇနီးသည်ကိုချစ်လွန်းအားကြီးသဖြင့် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူ၏အလောင်း ကိုနေအိမ်အတွင်းတွင် ၃၅ ရက်အထိ ထားခဲ့ကြောင်း သတင်းစာက ဖော်ပြ သည်။

ခင်ပွန်းဖြစ်သူသည် ဇနီးသည်၏အလောင်း ကိုနေ့စဉ် ရေမွှေးဖြန်းခဲ့ပြီး အပုပ်နံ့မခံနိုင်တော့သည့် အဆုံးတွင် အောက်တိုဘာလ ၂၆ ရက်၌ရဲထံသို့ သတင်းပို့ခဲ့သည်ဟု ရဲများက ပြောသည်။

အသက် ၄၂ နှစ်အရွယ် လင်မ်အာ့တီး(Lim Ah Tee)သည် ရင်ဘတ်အောင့်သည်ဟု ပြောကာ စက်တင်ဘာလ ၂၁ ရက်တွင် သေဆုံးခဲ့ကြောင်း သတင်းစာတွင် ရေးသားထားသည်။ခင်ပွန်းဖြစ် သူသည် ဇနီးသည်အား ဆေးရုံသို့ မပို့ဘဲ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူကိုခေါ်ရန် ထွက်သွားခဲ့ သည်။

အိမ်ပြန်ရောက်သည့်အချိန်တွင် နှာခေါင်းမှသွေးများထွက် လျက်ကြမ်းပေါ်တွင် အသက်မဲ့နေသော ဇနီးဖြစ်သူကို တွေ့ရ၍ခင်ပွန်းသည် တုန်လှုပ်သွားခဲ့သည်။ သူမကိုအိပ်ခန်းသို့သယ်သွားက သားထံတွင် မိခင်ဖြစ်သူသည် နေထိုင်မကောင်း၍ ဆူဆူညံညံ မလုပ်ရန်ပြောခဲ့သည်။

အလောင်းကိုရင်ခွဲရုံသို့စစ်ဆေးကြည့်ရာ သွေးရိုးသားရိုးလုပ်ကြံထားသည့်အထောက်အထားမရှိပေ။



 

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။