ပုလဲရွာတွင် မိုးကြိုးပစ်၊ လူနှစ်ဦးတစ်ပြိုင်တည်းသေ

Thursday, May 15, 2014



 ၁၅ မေလ ၂၀၁၄

 ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ် ပုလဲရွာမှာ မေလ ၁၄ ရက်က မိုးကြိုးထိမှန်ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သုံးခွမြို့နယ်ရဲစခန်းက ဒုရဲအုပ် နိုင်ဦးက ပြောပါတယ်။ သေဆုံးသူမှာ ဦးဖြိုးလှိုင် အသက်(၄၈)နှစ်စက်ဘီးစီးလာသူနဲ့ နိုင်နိုင် (၁၇)နှစ် ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၄ရက် ညနေ ၃ ခွဲ မိုးသည်းထန်စွာရွာသွန်းချိန်မှာ သုံးခွကနေ ပုလဲရွာဘက်ကို အပြန် လမ်းမပေါ်မှာ စက်ဘီးစီးလာသူ ဦးဖြိုးလှိုင်ကို ဆိုင်ကယ်စီးလာသူ နိုင်နိုင်က ကျော်အတက် စက်ဘီးနဲ့ဆိုင်ကယ် ယှဉ်အရက်တွင် မိုးကြိုးမှာ အလည်တည်တည် သို့ပစ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကြိုးထိမှန်သောဒဏ်ရာများကြောင့် မီးလောင်ဒဏ်ရာ၊ နားသွေးထွက်တဲ့ ဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာတွေတွေ့ရှိရတယ်လို့ ရဲစခန်းရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ သုံးခွမြို့နယ်မှာ ၂၀၁၃ ခုနှစ်မိုးတွင်းကာလမှာလည်း မိုးကြိုးထိမှန်သေဆုံးသူ ၈ ဦးရှိခဲ့ကြောင်းနဲ့ အဆိုပါဖြစ်စဉ်ကို သုံးခွမြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁ (၂၀၁၄)နဲ့အမှု ဖွင့် ထားပါတယ်။

သဇင်ထွေး - DVB




 

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။