
နီနီခင်ဇော်သည် ဆေးကျောင်းတစ်ဖက်နှင့် အဆိုတော်ဘဝကို လျှောက်လှမ်းလာခဲ့ကာ အခုအခါ ဆေး ကျောင်းပြီးသွားပြီ ဖြစ်သဖြင့် အဆိုတော် ဘဝတွင်လည်းအောင်မြင်သော အဆိုရှင်တစ်ယောက်အဖြစ် ရပ် တည်လာနိုင်ခဲ့ပြီ ဖြစ်ပါသည်။
အသံပါဝါ အားကောင်းကောင်းနှင့် ပရိသတ်များကို ဆွဲဆောင်နိုင်သူ နီနီခင်ဇော်က အနုပညာအလုပ်ကို လုပ်နေပေမယ့်လည်း ဆရာဝန်အလုပ်ကိုတော့ လက်မလွှတ်ပါဘူးဟု ပြောပြခဲ့သည်။''အစ်မက ကျောင်းတက်နေရင်းနဲ့ အနုပညာအလုပ်တွေကို တွဲပြီးလုပ်လာတာဆိုတော့ အခု ကျောင်းပြီးသွားတဲ့ အခါမှာလည်း ဆေးပညာနဲ့ ပတ်သက်တာတွေကို ဆက်လက်လေ့လာသွားပြီး အနုပညာ အလုပ်တွေကိုလည်း တွဲဖက် လုပ်ကိုင်သွားမှာပါ။
အခုအစ်မ လုပ်နေတဲ့ အနုပညာအလုပ်ကလည်း ဝါသနာအရဆိုပေမယ့် ပြည်သူတွေ တစ်ထောင့်တစ် နေရာ က ပါဝင်ကူညီခွင့်ရတဲ့ ဆရာဝန်အလုပ်ကိုလည်း လက်လွှတ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အစ်မမှာ ရှိသမျှကံ၊ ဥာဏ်၊ ဝီရိယတွေအားလုံး အသုံးချပြီးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အစ်မအနေနဲ့ ပရဟိတ အလုပ်တွေကို ကိုယ်တတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် လုပ်သွားမှာပါ။ ကိုယ်ကိုယ်တိုင်က ငွေကြေး အလုံးအရင်းနဲ့ချီပြီး မလှူနိုင်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့အသံနဲ့ ပြည်သူတွေကို သွားရောက်ဖျော် ဖြေတဲ့ပွဲမျိုးကိုတော့ အစ်မမငြင်းတမ်း ပါဝင်ခဲ့ပါတယ်။ ပရဟိတအလုပ်ဆိုတာ အစ်မတို့ အနုပညာရှင် တွေ သာမက တစ်နိုင်ငံလုံးက အားတက်သရောလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ ချို့တဲ့တဲ့သူတွေကို ကူညီမှသာ နိုင်ငံက တိုးတက်မှာဖြစ်ပါတယ်'' ဟု သူမက ပြောပြခဲ့သည်။
0 comments: