ဘုန်းကံဘာကြောင့်နိမ့်သလဲ

Thursday, May 15, 2014



လူတွေငယ်စဉ်သိတတ်သောအရွယ်မှစ၍ ယခုအရွယ်အထိ ဘုန်းကံဟူသော စကားကို ကြားသိခဲ့ရဖူးမှာပါ၊ ဘုန်း နှင့် ကံ သည် အတူတူပင်ဖြစ်ပါသလား၊ဘုန်းကံနိမ့်ခြင်း မြင့်ခြင်းဟူ၍ ရှိပါသလား ဆိုသောအတွေးတစ်ချို့ ရှိတတ်ပါတယ်။ တံတားအောက် ကြိုးတန်းအောက် ညစ်ညမ်းနိမ့်ပါးသည့် အောက်သို့ ၀င်ခြင်းတို့ကြောင့် ဘုန်းနိမ့်တတ်သည် ဟူသော အတွေးများလည်းတွေးတတ်ပါတယ်။

ကဲ…ဘုန်းကံကိစ္စကို အရင်ပြောကြည့်ကြမယ်။မြန်မာလိုဘုန်းကံ-ဟူ၍ တွဲခေါ်သည့်အားလျော်စွာ ပါဠိဘာသာအားဖြင့် ပုညကမ္မ-ဖြစ်၍ ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဘုန်းကံဟု ခေါ်ပါသည်။ ရှေးပညာရှိတွေက”ကုသိုလ်ပုန်းကံ သင့်ဆီပြန်သော် မကြံလည်းပြီး ကြံလည်းပြီး၏” လို့ အဆိုရှိခဲ့ကြတယ်။ဒါကြောင့် ဘုန်းကံ ဆိုတာ ပုညသဒ္ဒါ မှသက်ဆင်းလာတာ သေချာပါတယ်။ နောက် သတ္တာနံ ခန္ဓသန္တာနံပုဏာတိ သောဓေတီတိ ပုဏံ-ဟု ပရိတ်ဋီကာက ဆိုထားပြန်ပါတယ်။သတ္တ၀ါတို့၏ခန္ဓာအစဉ်ကို သုတ်သင်တတ်၍ ပုဏ၊ပုည ဟုဆိုသဖြင့် ပုည ဟုခေါ်ဆိုသောကောင်းမှုကုသိုလ်ကံ အကျိုးပေး၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပေါ်နေခြင်းကိုပင် ဘုန်းကံ ဘုန်းရှိသည်၊ ဘုန်းကြီးသည်ဟု အဆိုပြုကြတာပါ။

တနေ့က စာရေးသူကိုဆေးရုံကိစ္စ အားလုံးကိုလိုက်လံကူညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာဆရာမအိမ်သို့သွားရာမှာ သူတို့အိမ်ရှေ့မှာအဝတ်လှမ်းတဲ့ ကြိုးအောက်ကနေ သွားခဲ့ရတယ်။ပြောချင်သော်လည်းပြောခွင့်မကြုံခဲ့ပေ။ နောက်တနေ့ အတူတူသွားတဲ့သူငယ်ချင်းတပါးခွေးကိုက်ခံရတော့ သူမ တွေးမိတာက မနေ့တုန်းက ကြိုးတန်းအောက်ဝင်မိလို့ပါတဲ့။ သူပြောချင်တာက ကြိုးတန်းအောက်ဝင်မိလို့သာဘုန်းနိမ့်ပြီးခွေးကိုက် ခံရသည်ဆိုသည့်သဘောပေါ့။တကယ်တော့ ဘုန်းကံ ဆိုတာ မိမိပြုလုပ်သောကုသိုလ် အကျိုးပေးခြင်းသာ ဖြစ်တာမို့  လမ်းတံတားအောက်ဝင်ခြင်း၊ အိမ်အောက်ထပ်မှာ နေခြင်း၊ မြေအောက်မြေတွင်းမှရေစသည်တို့ကို
သုံးဆောင်ခြင်းကြောင့် နိမ့်ခြင်း၊ ပျက်ပြားခြင်းဖြစ်နိုင်စရာ မရှိပါ။ သို့သော် ကုသိုလ်ကံ ပုည တို့ အကျိုးပေးရာ မျက်မှောက်ကောင်းမှု၊ မကောင်းမှုများ၌လည်း အနည်းအများ အမှီပြုသေးသဖြင့် ရှေးကုသိုလ်ကံကောင်း၍ အကျိုးပေးချင်သော်လည်း မိမိက မကောင်းမှုဒုစရိုက်များကို ပြုလုပ်နေလျှင် အကျိုးပေး ဖွံ့ဖြိုးလိမ့်မည်မဟုတ်ပါ။ ထိုအရာကိုသာ ဘုန်းနိမ့်သည်ဟု ဆိုလိုက ဆိုနိုင်ပါသည်။

ယခုခေတ် လမ်းများအထက်၌ တံတားများရှိ၍ ထိုလမ်းများ၌ သွားလာ၍ ဘုန်းနိမ့်ကြရမည်ဆိုလျှင် အိမ်မှ ဘယ်မျှမထွက်ဘဲ နေရတော့မလို ဖြစ်နေပါသည်၊ ထိုအယူစွဲကို ဖျောက်ပယ်ဖို့လိုပါတယ်။ ဆရာတော်အရှင်မြတ် ဦးဇနကာဘိဝံသ မိန့် ခဲ့ဖူးတဲ့စကားလေးကို သတိရမိတယ်၊ ဘာတဲ့… “ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့်ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့… ကံ ဆိုတာရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး
မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ”တဲ့ သိပ်ကောင်းပါတယ်။ ဒါကြောင့်မို့  ဘာကြောင့်ဘုန်းနိမ့်တာလဲ ဆိုတာကို ကိုယ့်ဘာသာကိုဆုံးဖြတ်ပေတော့…။



 

0 comments:

 

ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။