မန္တလေး ကုသိုလ်တော် ဘုရားပေါ်မှာ ဖိနပ်မချွတ်တဲ့ ယဉ်ကျေးမှုဝန်ကြီးနှင့် အဖွဲ့ 
Tuesday, May 13, 2014
  မန္တလေး ကုသိုလ်တော် ဘုရားပေါ်မှာ ဖိနပ်စီးတဲ့ ယဉ်ကျေးမှုဝန်ကြီးနှင့် အဖွဲ့ 
            မန္တလေးရှိ ကုသိုလ်တော် ဘုရား ကျောက်စာများ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း ဝင်ရောက်မှု logo ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း Popular Myanmar News Journal ဖေ့ဘုတ် စာမျက်နှာမှာ ပြီးခဲ့တဲ့ မေလ(၈)ရက်နေ့ က တင်ထားတဲ့ သတင်းဓါတ်ပုံတွေ တွေ့ ရှိရပါတယ်။
            အဆိုပါ သတင်းနဲ့ ပါတ်သတ်လို့ မေလ(၁၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာမှာ "ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် အထိမ်းအမှတ် ကျောက်စာ စိုက်ထူ" ဆိုတဲ့ သတင်းမှာတော့ --
          အဆိုပါဖွင့်ပွဲ  အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင် ၊ မန္တလေးတိုင်း ဒေသကြီး အစိုး အဖွဲ့ ဝင် ၀န်ကြီးများ ဖြစ်ကြသည့် ဦးအောင်မောင်း၊ ဒေါက်တာမြင့်ကြူ၊ မန္တလေးမြို့ အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ်၊ ရှေ့ ဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွန်းကြားရေးမှူးချုပ် ဦးသိန်းလွင်၊ မန္တလေးဌာနခွဲမှ ညွန်းကြားရေးမှူး ဦးဇော်မိုးဟန်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဂေါပကအဖွဲ့ ဝင်များ၊ သတင်းနှင့်စာနယ်ဇင်းဆိုင်ရာ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း နှင့် သတင်းအပြည့်အစုံ ရေးသားဖော်ပြထားပါတယ်။
              အဆိုပါ သတင်းဖော်ပြချက် အရ မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသော ဘုရားပေါ်တွင် ဖိနပ်စီးသူများမှာ ယဉ်ကျေးမှုဝန်ကြီးနှင့် အဖွဲ့ ဖြစ်ကြောင်း သစ်ထူးလွင်မှ လေ့လာတွေ့ ရှိရပါတယ်။
BY THIT HTOO LWIN
0 comments:
ပန်းသုံးပွင့် '' မှ ''_ _ _ အားလုံးပဲ့မင်္ဂလာပါခင်ဗျား။ ဒီ blog လေးကိုလာလည်သောသူငယ်ချင်းများနှင့်မိတ်ဆွေများအားကြိုဆိုလျှက်။ ဒီပန်းသုံးပွင့် blog ကိုအရင်ကဖွင့်ပြီး နောက်တော့လုပ်မအားဖြစ်သွာလို့ပစ်ထားဒါတော်တော်လေးကိုကြာနေပါပြီ။ ပို့စ်လဲ့တင်မဖြစ်ဘူး လည်လာနေတဲ့မိတ်ဆွေတွေကိုလည်းကျနော်အားနာမိတယ်။ အားလုံးအတွက်လည်းတောင်ပန်ပါတယ် ခုမှပဲ့ blog ကိုပြင်ဖို့ချိန်ရဒါနဲ့ တစ်ဖြည်းဖြည်းပို့စ်တွေကိုတင်ပေးသွားပါ့မယ် လာလည်သွားတဲ့သူငယ်ချင်များနှင့်မိတ်ဆွေများလည်းနောက်လာလည်ပါဦးနော်။